ဗီယက်နမ်ဖိုက်တာနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ထီရယ်လ်ထန်

လာမယ့် ဧပြီလ ၅ ရက် အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်၊ ပရီရားလိတ်မြိုရှိ မိုင်စတစ်လိတ် ကာစီနို ဟိုတယ်မှာ ကျင်းပပြုလုပ်မယ့် LFA 181 ပြိုင်ပွဲမှာ ချင်းတိုင်းရင်းသား MMA ဖိုက်တာ ထီရယ်လ်ထန် နှင့် ဗီယက်နမ် ဖိုက်တာ ကွမ်လီ တို ယှဉ်ပြိုင်ထိုးသတ်သွားကြမှာ ဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲမှာ တွဲဆိုင်း ၇ ဆိုင်းပါဝင်မည်ဖြစ်ပြီး ချင်းတိုင်းရင်းသား MMA ဖိုက်တာ ထီရယ်လ်ထန် ဟာ ဒုခေါင်ပွဲအဖြစ် ဘင်တန်ဝိတ်တန်းမှာ ဗီယက်နမ်ဖိုက်တာ ကွမ်လီနှင့် ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ အဓိကခေါင်ပွဲမှာ LFA ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲအဖြစ် လက်ရှိချန်ပီယံ ဘရာဇီးလ်ဖိုက်တာ အက်ဒွါဒို နှင့် စိန်ခေါ်သူ အမေရိကန်ဖိုက်တာ ဟာနန်ဒက်ဇ် တို ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။