ဆီရှိလျက်ရောင်းချပေးခြင်းမရှိသော စက်သုံးဆီဆိုင်များကို အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းသို့ ပြည်ပမှစက်သုံးဆီတင်သင်္ဘောများ ယခုလ (၁၄)ရက်တွင် ရောက်ရှိလျက်ရှိပြီး ပုံမှန် ဆီဖြန့်ဖြူးပေးလျက်ရှိရာ ဆီရှိလျက်ရောင်းချပေးခြင်းမရှိသော စက်သုံးဆီဆိုင်များကို စိစစ်အရေးယူသွားမည်ဟု စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီက ယမန်နေ့က အသိပေးထားသည်။

ကော်မတီ၏ အသိပေးချက်တွင် ယခုလနိုဝင်ဘာ (၁၄)ရက်တွင် သီလဝါဆိပ်ကမ်း၌ ဆီတင်သင်္ဘောသုံးစီးရောက်ရှိကာ ဆီများဖြည့်တင်းပေးနေကြောင်းနှင့် နောက်ထပ်ဝင်ရောက်လာသည့် ဆီတင်သင်္ဘောများကလည်း ဆီဖြည့်တင်းရန်ဆိပ်ကမ်းတွင် ဆိုက်ကပ်စောင့်ဆိုင်းလျက်ရှိကြောင်း ဆိုသည်။