မိုးညှင်းတွင် ရွှေဆိုင်ကိုဓါးပြတိုက်၊ ရွှေထည်မျိုးစုံ ကျပ်သိန်း ၁၅၀၀ ဖိုးပါသွား

မိုးညှင်းမြို့၊ နားခါမြောက်ရပ်ကွက်၊ဓမ္မာရုံလမ်းနေ သမာဓိရွှေဆိုင်ကိုအကြမ်းဖက်သမား ၆ ဦးက ဇွန်လ ၂၈ ရက် နေ့လယ် ၁၂း၃၀ နာရီ၌ ဓါးပြတိုက် လုယက်သွားကြောင်းသိရသည်။

ရွှေဆိုင်ပိုင်ရှင် ဦးအာလင့်နှင့် ဇနီးဒေါ်ဝင်းဝင်းအေးတို့သည် ဆိုင်အတွင်းရှိနေစဥ် ဆိုင်ကယ်သုံးစီးဖြင့်အကြမ်းဖက်သမား ၆ ဦးရောက်လာပြီး နှစ်ဦးကပစ္စတို​သေနတ်ဖြင့် ချိန်ကာ ကျန်လေးဦးက ကောင်တာအတွင်းရှိ ရွှေထည်မျိုးစုံ ကျပ်သိန်း ၁၅၀၀ ဖိုးကိုလုယက်သွားကြောင်းသိရသည်။