မြိတ်တွင် ကုန်းပေါ်တင်ထားသည့် စက်လှေ မီးလောင်မှုဖြစ်ပွား

တနင်္သာရီတိုင်း၊မြိတ်မြို့နယ်၊ကလွင်ကျေးရွာ အုပ်စု၊ရှောက်တက်ခင်းကျေးရွာတွင် စက်တင်ဘာ ၁၈ ရက်(ယနေ့)နံနက်ပိုင်းက ကုန်းပေါ်တင်ထားသည့် စက်လှေပေါ်၌မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၈ နာရီခွဲခန့်က မြိတ်မြို့နယ်၊ကလွင်ကျေးရွာအုပ်စု၊ရှောက်တက်ခင်းကျေးရွာရှိ ထူးထူးတိုးရေပေါ်လွန်းကျင်းဧရိယာတွင် ကုန်းပေါ်တင်ထားသည့်စက်လှေပေါ်၌ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 2 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။