ပင်လည်ဘူးမြို့နယ်၌ အကြမ်းဖက်သမားများနှင့် တိုက်ပွဲဖြစ်ပွားခဲ့

စက်တင်ဘာ ၁၇ရက်က ပင်လည်ဘူးမြို့နယ်အတွင်း တပ်မတော်လုံခြုံရေးတပ်များမှ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် မြို့အရှေ့ဘက် မီတာ ၇၀၀၀ခန့်အကွာကိုအရောက် အကြမ်းဖက် အင်အား ၂၀ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ အရှေ့မြောက်ဘက်ကို ဆုတ်ခွာသွားခဲ့ပါတယ်

တိုက်ပွဲအတွင်း အကြမ်းဖက်သမားများထံမှ-

အကြမ်းဖက်သမားအလောင်း- ၂လောင်း
အမ်(၂၂)သေနတ်- ၁လက်
လက်လုပ်တစ်တောင့်ထိုးသေနတ်- ၁လက်
အမ်(၂၂)ကျည်အိမ်- ၁ခု
ကျည်-၂၀တောင့်
လက်ပစ်ဗုံး- ၁လုံး
လမ်းလျှောက်စကားပြောစက်- ၁လုံးတိုကိုသိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်မှ စစ်သည်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်…