သတင်းအမှားတွေပဲ ဆက်တိုက်ရေး khit thit

ပြည်ဖျက်မီဒီယာခေတ်သစ်

နိုင်ဘာလ ၁၆ ရက် ညနေ ၅ နာရီခွဲအချိန်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပေါ် အရှေ့တောင်တိုင်း စစ်ဌာနချုပ် နှစ်ပတ်လည် အခမ်းအနားပွဲကို ဒရုန်းဖြင့် ဗုံးကျဲမှု ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး အပါအဝင် အရာရှိများ ဒဏ်ရာရရှိပြီး ဒုအရာခံဗိုလ်နှင့်တပ်သား စုစုပေါင်း ၂ ဦးသေဆုံးကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါသည်။ဖြစ်စဉ်အမှန်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပေါ် ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ PDF များမှ Drone ဗုံးဖြင့်တိုက်ခိုက်သော်လည်း တိုင်းနယ်မြေကျော်ပြီး ရခိုင်ကုန်းဘုန်းကြီး ကျောင်းနားလေပေါ်တွင်တစ်လုံးကွဲပြီး လူမနေတဲ့ရုပ်ရှင်ရုံဘေးတွင် တစ်လုံးကျရောက်ပေါက်ကွဲ ခဲ့ကြောင်းနှင့် တပ်ဖွဲ့ ဝင်များအပါအဝင်ပြည်သူများလည်းထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ လူအထင်ကြီးအောင် တိုင်းရုံးကို ဒရုန်းဖြင့်တိုက်ခိုက်တာ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီးအပါအဝင် အရာရှိများဒဏ်ရာရခဲ့ပြီး ၂ ဦးသေဆုံးတယ်လို့ အမြတ်ထုတ်ကာ ရေးသားထားခြင်းဖြစ်ပါသည်။