၁၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ကျိုင်းတုံးမြို့နယ်၊ နောင်တောင်းအုပ်စု၊ နားကော်ကျေးရွာအနီးတွင် မူးယစ်ဆေးဝါးအများအပြား ဖြတ်သန်းဝင်ရောက်မည်ဟု ပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စောင့်ဆိုင်းဖမ်းဆီးစဉ် နားဆိုင်းကျေးရွာဘက်မှ နားတော်ကျေးရွာဘက်သို့ အာစော(၃၁) နှစ် နှင့်အားဂေါ် (၂၅) နှစ် မောင်းနှင်လာသည့် toyota hilux ယာဉ်အတွင်းမှ အစိမ်းရောင်မိုးကာစဖြင့်အုပ်ထားသည့် အဖြူရောင်ဆာလာအိတ်( ၆၀) အတွင်းမှ ဘိန်းဖြူ ၁၇၅ ကီလို၊ မက်အက်ဖက်တမင်း(ice) ၁၅၀၂ ကီလို၊ ကတ်တမင်း ၁ ကီလို ၅၅ ထုပ် ကာလတန်ဖိုးမြန်မာကျပ်ငွေ ၁၅၁၀၈၅ သိန်းခန့်နှင့် အမေရိကန်နိုင်ငံထုတ် M-16 ၁ လက်၊ ကျည် ၃၀ တောင့် ၊ M 22 ၁ လက် ကျည် ၃၀ တောင့် နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။

ယခုရက်ပိုင်းအတွင်း မူးယစ်ဆေးဝါးအများအပြားကို ပိုမိုဖမ်းဆီးလာနိုင်ကြောင်း တွေ့ရှိရပြီး အကြမ်းဖက်တွေရဲ့ ပင်မငွေတွေရနေတဲ့ လမ်းကြောင်းကိုတော့ ဖြတ်တောက်ထားနေနိုင်ပြီလည်း ဖြစ်ပါတယ်။