AA အဖွဲ့က ဘင် ၁၆ ဦးအား ပြန်ပေးဆွဲ

တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလာသော သတင်းများအရ ၁၀ – ၁၀ – ၂၀၂၂ ရက်နေ့ နံနက်ပိုင်းက AA အဖွဲ့နှင့် နိုရာပါရာ
ဒုက္ခသည်စခန်းအတွင်း လှုပ်ရှားနေသည့် ဂျာဘေလ် ခေါင်းဆောင်သော ဓားပြ ၁၀ ဦးသည် နတ်မြစ်အား လောင်းလှေ ၂ စီးဖြင့်
ဖြတ်ကျော်ကာ မောင်တောမြို့နယ်၊ မင်္ဂလာအာရှိတ်ဂျာ(ဘင်္ဂါလီ)ရွာ၏ အနောက်ဘက် မြန်မာနိုင်ငံရေပိုင်နက်အတွင်းရှိ ဦးစောလှ
ကျွန်းအနီးရောက်ရှိလာကြောင်း၊

ထိုနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှနေ၍ မြန်မာနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ AA အဖွဲ့
ခေါ်လာသည့် ဘင်္ဂါလီ ကျား ၁၄ ဦး၊ မ ၂ ဦး၊ ပေါင်း ၁၆ ဦးအား ဂျာဘေလ် ခေါင်းဆောင်သော ဓားပြလက်သို့အပ်လိုက်ကြောင်း၊

ထိုနောက် ဂျာဘေလ် ခေါင်းဆောင်သော ဓားပြအဖွဲ့နှင့် AA အဖွဲ့ပေါင်းကာ ဖမ်းဆီးချုပ်နှောင်ထားသည့် ဘင်္ဂါလီများအား မိဘဆွေမျိုးများထံ
ဖုန်းဖြင့် ဆက်သွယ်ခိုင်းကာ တစ်ဦးလျှင် တာကာငွေ ၅၀၀၀၀ စီ တောင်းခံနေကြောင်း သိရှိရပါတယ်။