စက်သုံးဆီတင်သင်္ဘော ၁၅ စီး မကြာမီထပ်မံရောက်ရှိဆိုက်ကပ်မည်ဖြစ်

ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် (၁၄၆)ဆိုင်အနက် အချို့ ဆိုင်များ၌ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဓာတ်ဆီ 92 RON သည် နေ့စဉ်ပုံမှန်ရောင်းအားထက် ပိုမိုရောင်းအားမြင့် တက်ခဲ့ပြီး ပြည်တွင်းစက်သုံးဆီ သိုလှောင်ထားသည့် Terminal (၃)ခုမှ အရောင်းဆိုင်များ အားလုံးသို့ ဖြန့်ဖြူးပေးရာတွင် ဖြန့်ဖြူးနိုင်မှုစွမ်းအားအရ အလျင်မမှီခဲ့ခြင်းကြောင့် စက်သုံးဆီ ပြတ်လတ်မှုဖြစ်ပေါ်ခဲ့ရာ ယင်းနေ့ညတွင်းချင်းပင် Urgend စနစ်ဖြင့် ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။