အောက်တိုဘာလ ၂၄ ရက် မနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပါတယ်။

ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တန်ဖိုးသင့် တပ်မတော်စက်ရုံထုတ် အသား၊ ငါးဗူးများ၊ ခေါက်ဆွဲခြောက်၊ ဘီစကွတ်၊ စားသောက်ကုန်ပစ္စည်းများ၊ တပ်မတော်သားများ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှထွက်ရှိသော ကြက်သား၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်များစသည့် စားသောက်ကုန်အမျိုးမျိုးကို ပြင်ပပေါက်ဈေးများထက် သက်သာသောဈေးနှုန်းများဖြင့် ကျိုင်းတုံမြို့နာရီစင်ရှေ့၌ ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။