ပုလဲမြို့နယ်၊ ဖလံပင်ရွာ မြောက်ယမားရေကူတမံအနီး တိုက်ပွဲဖြစ်စဉ်အတွင်း pdf များ၏လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ပြီး ဖမ်းဆီးခံရသူများကိုပါကယ်တင်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဖလံပင်ရွာအနီး မြောက်ယမားရေကူတမံအနီး အကြမ်းဖက်များ ရောက်ရှိနေကြောင်း သတင်းအရ

တပ်မတော်စစ်ကြောင်းမှ ကွန်မန်ဒိုတပ်ဖွဲ့ဖြင့် သွားရောက်ရှင်းလင်းခဲ့ရာ PDF များနဲ့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး…

PDF ………၄ လောင်းနှင့်အတူ
Pajero ယာဉ်အတွင်းမှ MK-2 …..၂ လက်
ကျည်……၁၂ တောင့်သိမ်းဆည်းရမိခဲ့ပါတယ်…

ဆက်လက်ပြီး ရှင်းလင်းရာ-
၎င်းရေကူတမံ၏ အနောက်မြောက်ဘက် သဲပြင်ကျယ်ရွာအနီး လျှိုအတွင်း၌ အကြမ်းဖက်စခန်း ၁ ခုကို တွေ့ရှိခဲ့ပြီး PDF ၁၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး-
PDF………..၃ လောင်း
M-22……….၁ လက်
ကျည်အိမ်…..၂ ခု
ကျည်……….၂၀ တောင့်
လက်လုပ်သေနတ်……၄၈ လက်
လက်လုပ်စိန်ပြောင်း ……..၂ လက်
လက်လုပ်ဗုံးသီး………….၄၂ လုံး
လက်လုပ်မိုင်း……………၁၀ လုံး
လက်လုပ်ကျည်…………၅၅ တောင့်
တဲ…………………၆ လုံး
TOYOTA Note ယာဉ်……..၁ စီး(မကောင်း)
ဆိုင်ကယ်…………….၁ စီး သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်မှုမရှိခဲ့ကြောင်းသိရှိရပါတယ်။

၎င်းစခန်းများမှာ PDF အဖွဲ့မှ မတရားအနိုင်ကျင့် နှိပ်စက်ဖမ်းဆီးထားသော အရပ်သား အမျိုးသမီး ၇ ဦး(အရာရှိဇနီးအပါအဝင်)၊

ကလေး ၄ ဦးနှင့် အမျိုးသား ၁၅ ဦးတို့အား တွေ့ရှိကယ်တင်နိုင်ခဲ့ပြီး ဘေးကင်းရာသို့ ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်..

ပြန်လည်ကယ်တင်နိုင်ခဲ့သူများတွင်-
ခရီးသွားစဉ်ဖမ်းဆီးခံရသည့် အပြစ်မဲ့ ပြည်သူများ၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နဲ့ ၂၂ ရက်တို့မှာ ဇီးဖြူကုန်းကျေးရွာအိမ်ခြေတစ်ရာကျော်ကို အကြမ်းဖက်အဖွဲ့က

မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် တောအတွင်း ထွက်ပြေးနေစဉ် ဖမ်းဆီးခံရသူများ၊ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်အချို့၊ အသက် ၂ နှစ်အရွယ်နှင့် အသက် ၁၂ နှစ်အရွယ်ကလေးငယ် ၂ ဦးတို့ ပါဝင်ပြီး

အချို့သည် ၇ လမှ တစ်နှစ်နီးပါးခန့် ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေ ဖြစ်တယ်လို့ သိရှိရပါတယ်ရှင်။