ဖေဖော်ဝါရီ ၂၄ရက်က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သမန်းတောကျေးရွာရှိ သံဃာတော်များ၊ နှင့် ဒေသခံပြည်သူများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၀၉ ဦး တို့ကို သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး မကွေးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်အားပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ဆက်စပ်အကြောင်းအရာများ
💚💚💚အစ်ကိုတွေ ပွဲထွက်လာကြပြီ💚💚💚
- ပုည
- April 5, 2024
တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်း အမှတ်စဉ် (၂၆) ကတိ သစ္စာခံယူပွဲ အခမ်းအနားတွင် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၁) သင်တန်းသားများမှ ရပ်ကြည့်စစ်ကြောင်းအနေဖြင့် ပါဝင်လှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။
တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ ဖွင့်လှစ်
- အေးခင်
- February 7, 2024
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေပံ့ပိုးမှုဖြင့်ဖော်ဆောင်သည့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” အဆောက်အအုံဖွင့်ပွဲနှင့် စတင်အသုံးပြုခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့က တောင်ကြီးမြို့နယ် အေးသာယာမြို့၊ ခပေါင်းရေကြည်ရပ်ကွက်ရှိ အဆိုပါအဆောက်အအုံ၌ ကျင်းပခဲ့ကြောင်းသိရပါတယ်။ […]
မွန်ပြည်သစ်ပါတီနှင့်ငြိမ်းချမ်းရေးဆွေးနွေး
- အေးခင်
- July 7, 2023
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင်လ ၅ ရက်နှင့် ၆ ရက်နေ့၌ နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ လက်ခံတွေ့ဆုံပြီး ဒေသတည်ငြိမ်အေးချမ်းရေး […]