မီးဘေးသင့်ပြည်သူများအား ပံ့ပိုးငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ကန်နီပေါက်ကျေးရွာအုပ်စု ဂျိုးကန်ကျေးရွာမီးဘေးသင့် အိမ်ထောင်စုများအတွက် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဝန်ထမ်းများ၊ ငါ့သရောက်နယ်မြေ မီးသတ်စခန်း၊ စဉ်ကူနယ်မြေမီးသတ်စခန်း၊ ပုဂံနယ်မြေ မီးသတ်စခန်း၊ တောင်ဇင်းနယ်မြေမီးသတ်စခန်းနှင့် ရပ်ဝေးရပ်နီးမှ အလှူရှင်များစုပေါင်း၍ ဖေဖော်ဝါရီ ၂၃ ရက်နံနက်ပိုင်းက ပံ့ပိုးငွေများ သွားရောက်လှူဒါန်းကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးကျော်မင်းသူထံမှ သိရပါတယ်။

ညောင်ဦးမြို့နယ် ကန်နီပေါက်အုပ်စုဂျိုးကန်ကျေးရွာတွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့လယ်ပိုင်းတွင် မီးလောင်မှုကြောင့်အိမ်ခြေ ၁၆ အိမ်    မီးဘေးသင့်ခဲ့ပြီး မီးဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် ဂျိုးကန်ကျေးရွာသီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းထဲရှိ မီးဘေးသင့်ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့လှူဒါန်းငွေကျပ် ၄၀၀၀၀၊ဆန်၊ ဆီ၊ ဆား အခြေခံစားသောက်ကုန်ပစ္စည်း ထောက်ပံ့လှူဒါန်းငွေကျပ် ၁၆၁၉၄နှင့် အခြေခံစားသောက်ကုန်တန်ဖိုး အိမ်ထောင်တစ်စုလျှင် ငွေကျပ် ၅၆၁၉၄ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၈၉၉၁၀၀  အားညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သောမီးသတ်ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ယုဝါလှိုင် ဦးဆောင်သော စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင် များဖြင့် သွားရောက်လှူဒါန်းကြောင်း သတင်းရရှိပါတယ်။