မြောက်ဦးမြို့ အထင်ကရရှေးဟောင်းဘုရား၊ပုထိုးစေတီများ၌ ဘုရားဖူးသူများနှင့်စည်ကားလျှက်ရှိ

ဒီဇင်ဘာ ၂၂ရက်က ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ အထင်ကရရှေးဟောင်းသမိုင်းဝင်ဘုရား၊
ပုထိုး စေတီများတွင် ဒီဇင်ဘာအားလပ်ရက်၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသော ရဟန်းရှင်လူ
ပြည်သူများ ဘုရားဖူးသူများဖြင့်စည်ကားလျက်ရှိသည်ဟု သိရသည်။
ရှေးဟောင်းသမိုင်းဝင်နေရာများ ဖြစ်သည့် လက်ဆည်ကန်၊ ဘုရားပေါ်ဘုရား၊ နန်းတော်ရာကုန်း နှင့် ရှေ့ဟောင်း
သုတေသနပြတိုက် စသောနေရာများသို သွားရောက်ပြီး အလှဓါတ်ပုံများ ရိုက်ကူးခြင်း၊ အမှတ်တရလက်ဆောင်များ
ဝယ်ယူကြသူများဖြင့်စည်ကားလျက်ရှိသည်ဟု သိရသည်။