လက်လုပ်မိုင်းများအား အချိန်မီရှင်းလင်းနိုင်ခဲ့

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ ၁၀ နာရီတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊
(၈)ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ ကိုရီးယား-မြန်မာကျောင်းရှေ့တွင် မသင်္ကာဖွယ်အထုပ် (၂)ထုပ်
တွေ့ရှိကြောင်း အေးချမ်းမှုကို လိုလားသော ပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့မှ သွားရောက်
စစ်ဆေးခဲ့ရာ အလျား ၆ လက်မ၊ အချင်း ၂ လက်မရှိ သံပိုက်နှင့် 777 ဓါတ်ခဲ ၃ လုံးချိတ်ဆက်ထားသည့်
လက်လုပ်မိုင်း ၃ လုံးအားတွေ့ရှိသဖြင့် အချိန်မီသက်မဲ့ပြုလုပ်ရှင်းလင်းနိုင်ခဲ့ပါတယ်။