ကသာမြို့ မြို့နယ်လျှပ်စစ်ရုံးအနီးတွင် ထောင်ထားသော လက်လုပ်မိုင်းအား ရှင်းလင်းခဲ့

နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ အမှတ် (၇) ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံး ရှေ့သို့ PDF အကြမ်းဖက်သမားများက အဝါရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသော လက်လုပ်မိုင်း ၁ လုံးအား ပစ်ချသွားကြောင်း သိရှိရသဖြင့် မိုင်းရှင်းလင်းရေးအဖွဲ့မှ သွားရောက်ရှင်းလင်းခဲ့ရာ လူ/အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိဘဲ လက်လုပ်မိုင်းအား သက်မဲ့ပြုလုပ်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။