CDM အမည်ခံ သစ္စာဖောက်ခွင့်မဲ့/စစ်ပြေးတို့သွားရာလမ်း

ဆိုရှယ်မီဒီယာမှာစစ်ပြေးတွေကိုဆုငွေပေးမယ်လို့ ဝါဒဖြန့်တာကိုယုံကြည်ပြီး လက်နက်နဲ့ခွင့်မဲ့ဖြစ်လာတဲ့ တပ်သားဖြိုးဝေ ဆုငွေ အစား အသေခံတိုက်ခိုင်းလို့သေဆုံးခဲ့။

စစ်စည်းကမ်းအရ အရေးယူခံရမှာ ကိုကြောက်တာရယ် /ဆိုရှယ်မီဒီယာမှာ စစ်ပြေးတွေကိုဆုငွေပေးမယ်လို့ ဝါဒဖြန့်တာကိုယုံကြည်ပြီး ခွင့်မဲ့ဖြစ်သွားတဲ့ တပ်သား ဖြိုးဝေ
ကို ဆုငွေချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း လုပ်ကြံဖန်တီးထားတဲ့ ဓာတ်ပုံမှတ်တမ်းများနဲ့ Khit Thit မီဒီယာက သတင်းထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ပဲပြစ် တော ကျေးရွာ ကိုမီးရှို့ဖျက်ဆီးနေတဲ့ PDF တွေကိုရှင်းလင်းပြီး၊ နယ်မြေစိုးမိုးရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်စစ်ကြောင်းကိုလာရောက်တိုက်ခိုက်ကြတဲ့အထဲမှာ ခွင့်မဲ့/စစ်ပြေး ဖြိုးဝေ ဟာ ရှေ့ဆုံးက အသေခံဖို့ အကြပ်ကိုင်ခံခဲ့ရပြီး သေဆုံးခဲ့ပါတယ်။ CDMအမည်ခံ၊ခွင့်မဲ့စစ်ပြေးတွေကိုဝါဒဖြန့်ချိဖို့အသုံးတည့်မယ့်သူလောက်နဲ့ မိသားစု ဝင်အနည်းငယ်လောက်ပဲချန်ထားပြီး ကျန်တဲ့သူတွေကို မသင်္ကာရင် သတ်ဖြတ်လိုက်ပြီး၊ သာမန်ပဲဆိုရင်တော့.. အမှန်တကယ် ပူးပေါင်းတာ မှန်တယ်ဆိုရင် ယုံကြည်အောင် တပ်ကို ပြန်တိုက်ပြရမယ်လို့ အကြပ်ကိုင်ပြီး ရှေ့က အသေခံခိုင်းတာဖြစ်ပါတယ်။
=======================================================