ဘုတလင်မြို့နယ် အရှေ့ပဲပြစ်တောကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်သမားများကို တပ်မတော်စစ်ကြောင်းက သုတ်သင်ရှင်းလင်း

စက်တင်ဘာလ ၁၃ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ အရှေ့ပဲပြစ်တောကျေးရွာကို အကြမ်းဖက်သမားများက  မီးရှို့ဖျက်ဆီးနေသည့်သတင်း ရရှိသည့်အတွက် တပ်မတော်စစ်ကြောင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းစဉ် အကြမ်ဖက်းသမားအင်အား ၃၀ ဦးခန့်နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ-

-အကြမ်းဖက်သမား ၆ လောင်း
-လက်လုပ်သေနတ် ၄ လက်
-လက်လုပ်စိန်ပြောင်း ၃ လက်
-ကျည်မျိုးစုံ ၃၅၆ တောင့်
-ကျည်အိမ် ၂ ခု
-လက်လုပ်ရှော့တိုက်ဒုံးသီး ၁ လုံး
-လက်လုပ်စိန်ပြောင်းဗုံးသီး ၃ လုံး
-လက်လုပ်မိုင်း ၈ လုံး
-လက်ပစ်ဗုံး ၉ လုံး သိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းမှ ထိခိုက်မှုမရှိဟု သိရပါတယ်…