မိုင်းလာထောင်တဲ့ ရေစကြို PDF အသေပစ်ခတ်ဖမ်းဆီးရမိ

ဒီဇင်ဘာလ ၈ ရက် ညနေ ၅ နာရီခန့်တွင် ရေစကြိုမြို့တွင် နယ်မြေနယ်လုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ချင်းတွင်းမြစ်ဆိပ်ကမ်း၌ PDF အကြမ်းဖက်များ မိုင်းထောင်နေကြောင်း ပြည်သူ့သတင်းပေးချက်အရ သွားရောက် ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ပြီး

-အကြမ်းဖက် PDF ၁ လောင်း
-လက်လုပ်သေနတ်အရှည် ၁ လက်
-လက်လုပ်ကျည်အိမ် ၁ ခု
-၅.၅၆ မမကျည် ၅ တောင့်
-၁၂ ဗို့ကျည် ၂ တောင့်
-လက်လုပ်မိုင်း ၂ လုံး
-ဝါယာကြိုး ၁ ချောင်းတို့အား သိမ်းဆည်းရမိကြောင်း သိရပါသည်။