AA အဖွဲ့ကြားသိနိုင်ပါစေ..

ရခိုင်ပြည်နယ်ဆိုတာ သမိုင်းအစဉ်အလာကြီးမားစွာဖြင့် ရပ်တည်လာခဲ့ကြတာ ဘယ်သူမှငြင်းလို့မရပါဘူး။ မြောက်ဦးပုထိုးတော်တွေဆိုတာ မြန်မာမှာတင်မဟုတ်ဘူး ကမ္ဘာမှာပါ ယူနက်စကို စာရင်းဝင်တာပါ။
အခုကြားရတဲ့ သတင်းကတော့ တော်တော် စိတ်တိုစရာဖြစ်တယ်ဗျာ အေအေဆိုတာ ရခိုင်လူမျိုးတွေဆို အာရကန်အာမီခေါင်းစဉ်တပ်ပြီး ပြည်ပအထောက်အပံ့နဲ့ တပ်မတော်ကို တော်လှန်တယ်ဆိုပြီးခေါင်းစဉ်တပ်အမြတ်ထုတ်နေတဲ့အထိ မပြောသေးဘူး ဒီမိုကရေစီပဲ ကိုယ်သန်ရာကိုယ်တွေးအေးဆေးပဲ။
ရှေးဟောင်းယူနက်စကိုအသိအမှတ်ပြု ဘုရားပုထိုးတွေမှာတော့ တိုက်ကွက်မဖော်သင်းဘူး ခင်ဗျားတို့ ပြန်ဆောက်ပေးလို့လည်းမရဘူး အမွေအနှစ်ဆိုတာ ခင်ဗျားတို့ အေအေသောင်းကျန်သူတွေရဲ့ ဘိုးဘေးဘီဘင် လက်ထက်ကတည်းက ထိန်းသိမ်းလာတဲ့ အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးအနဂ္ဂထိုက်တဲ့ အမွေအနှစ်တွေကိုတော့ မြှောက်ပေးရုံနဲ့ /ကိုယ်ကျိုးစီးပွားအတွက် မလုပ်ပါနဲ့လို့ ပြောချင်ပါတယ်။
လူမျိုးတစ်မျိုးရဲ့ တန်ဖိုးကို ဆုံးဖြတ်ရာမှာ အဲ့ဒီဒေသမှာရှိတဲ့ သမိုင်းအစဉ်အလာနဲ့ ရှေးဟောင်းအမွေအနှစ်တွေကအဓိကကျတဲ့ မှတ်ကျောက်တင်ခံရတဲ့ သမိုင်းဝင်အဆောက်အဦးတွေကပဲ ဆုံးဖြတ်တာပါ။
သိမြင်နားလည်နိုင်ကြပါစေ…