AA အကြမ်းဖက်အဖွဲ့ လူသစ်အဓမ္မစုနေ

ရခိုင်ပြည်နယ်မှာ လာရောက်လုပ်ကိုင်နေတဲ့ ငါးဖမ်းသင်္ဘောတွေကို AA အကြမ်းဖက်အဖွဲက ဆက်ကြေးငွေ အဆ မတန်တိုးမြှင့်ကောက်ခံလျက်ရှိကာ မပေးနိုင်ရင် လှေလုပ်သားတွေထားခဲ့ဖိုပြောပြီး အဓမ္မလူသစ်စုဆောင်းနေတယ်လို သိရပါတယ်။

“ကျွန်တော်တိုငါးဖမ်းလှေတွေ တိုက်ပွဲစဖြစ်ကတည်းက ရန်ကုန်ပြန်ပိုဖို စောင့်နေတာ၊ AA က ကျွန်တော်တိုကို ငွေပေးဖိုပြောလာတယ်၊ ငါးမဖမ်းလဲ ကမ်းကပ်ထားလိုကောက်တဲ့သဘော ပြောလာတယ်၊ ငွေမပေးနိုင်ရင် လှေလုပ်သားထဲက တစ်ယောက်ပေးရမယ်၊ အဲလိုမှမဟုတ်ရင် ငါးဖမ်းလှေကိုမိုင်းခွဲမယ်လိုခြိမ်းခြောက်တာတွေလဲရှိတယ်လို ” ပိုင်ရှင်တစ်ဦးကပြောဆိုသွားပါတယ်။

ULA /AA အကြမ်းဖက်အဖွဲတွေက ရခိုင်ပြည်နယ် တိုက်ပွဲတွေမှာ စစ်တပ်ကိုနိုင်နေကြောင်း မီဒီယာများကတဆင့် ဖော်ပြနေပေမယ့် စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် AA အကြမ်းဖက်အဖွဲများ သေဆုံးထိခိုက်သူ အလွန်များပြားနေတဲ့အတွက် ယခုလို အဓမ္မလူသစ်စုနေတာဖြစ်ကြောင်း ULA အဖွဲဝင်များနှင့်နီးစပ်သူထံမှ သိရပါတယ်။