ကြာအင်းဆိပ်ကြီး တပ်နယ်မှာ နယ်မြေ ရှင်းလင်းစဉ် KNU အလောင်း ၁ လောင်းနှင့် ဒရုန်း ၁ စီးထပ်မံသိမ်းဆည်းရရှိ

ယနေ့ မနက်ပိုင်းမှာ ကြာအင်းဆိပ်ကြီးတပ်နယ်ရှိ…

လုံခြုံရေးတပ်ဖွဲ့ ဝင်များမှ နယ်မြေလုံခြုံရေးအတွက် နယ်မြေရှင်းလင်းစဉ်

ပြောက်ကျားဝတ် KNU/PDF အလောင်း တစ်လောင်း နှင့် ဒရုန်းတစ်စီး( ဗုံးသီးတပ်ဆင်လျက်) တို့အား

ထပ်မံသိမ်းဆည်းရရှိခဲ့ပါတယ်..သိမ်းဆည်ရရှိခဲ့ အလောင်းများဟာ ဗမာ PDF များပဲဖြစ်ပြီး

အလောင်းများကို ပြန်ဆွဲမသွားပဲ ဒီတိုင်းထားခဲ့ကြတာပါ ယခုတွေ့ရှိတဲ့ အချိန်မှာတော့

အလောင်းကောင်တွေဟာ ပုပ်ပွနေပြီပဲဖြစ်ပါတယ်..

ဒီနေရာမှာ ဗမာ PDF မဟုတ်ပဲ KNU ကရင်အစစ်ဆိုရင် ဒဏ်ရာရတဲ့ သူမဆိုထားနဲ့

အလောင်းကိုတောင် မရရအောင်ပြန်သယ်ကြတာပါ…ဒီလို လက်နက်ကိုင်အချင်းချင်း ခွဲခြားဆက်ဆံခံနေရတဲ့

PDF တွေရဲ့ ဘဝ ဒါတွေကို အခုထိ စိတ်မနာနိုင်သေးဘဲ…မိုက်နေတုန်းပါပဲ.. ဘယ်တော့များမှ အသိတတရားရနိုင်မယ်မသိပါဘူး…ဒီကြာအင်းဆိပ်ကြီး တိုက်ပွဲဖြစ်စဉ်မှာ KNU/PDF များအနေဖြင့် သေဆုံးသူ ၂၀ ခန့်ရှိပြီး..ဒဏ်ရာရရှိသူ ၄၀ ကျော်နီးပါးရှိတယ်လို့လည်းသိရပြီး ဆေးကုသဖို့အခက်အခဲများဖြစ်ပေါ်နေတယ်လို့လည်း မြေပြင်သတင်းများအရ သိရှိရပါတယ်…