မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

အိုပယ်ဘ၀ မရောက်စေဖို့

စေတနာကောင်းပြီး
မေတ္တာကြီးမားတဲ့သူတွေဟာ

အသက်ကြီးလာတဲ့အခါ
အိုပယ်ဘ၀ကို မရောက်နိုင်ပါဘူး ။

ဂုဏ်ပါဝါ မာနတွေမရှိတဲ့သူဟာ
အများရဲ့ဂရုစိုက်ခြင်းကိုလည်းခံရသလို
လေးစားခြင်းကိုလည်းခံရနိုင်လို့

ပိုင်ဆိုင်မှုတွေများဖို့ဆိုတာထက်
မေတ္တာစေတနာကောင်းများဖို့
ကိုယ့်ဘ၀ကို ကြိုတင်ပြင်ဆင်ထားပါ ။

အရွယ်ကြီးလာသည်နှင့်အမျှ
နေ့စဥ်ဖြတ်သန်းမှုတွေမှာ
တစ်ယောက်ထဲနေရဖို့ဟာပိုများသလို

တစ်ယောက်ထဲသွားရဖို့ဟာလည်း
အင်မတန်နီးကပ်လို့ လာနေပါတယ် ။

ဒါကြောင့်အပိုအလုပ်တွေမှာမရှူပ်ပဲ
ကိုယ့်အတွက် အချိန်ပေးပြီးတော့
ကုသိုလ်ဘက်မှာ ရှိနေဖို့ကြိုးစားပါ ။

အပိုစကားတွေ မပြောတော့ပဲ
စကားနည်းပြီး တရားမြဲဖို့ကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏