မန်ယူကို စပွန်ဆာပေးမယ့် Snapdragon

မန်ယူအသင်းဟာ အမေရိကန်နည်းပညာကုမ္ပဏီ Snapdragonနဲ့ ဂျာစီစပွန်ဆာစာချုပ်သစ်တစ်ရပ်ကို သဘောတူညီမှုရရှိခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
လက်ရှိ မန်ယူအသင်းကို စပွန်ဆာပေးထားတဲ့Team Viewer နဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်နေသေးပေမယ့် မန်ယူဘက်က စာချုပ်ဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။
ထို့ကြောင့် လာမယ့်၂၀၂၄-၂၅ ရာသီကနေစပြီး မန်ယူအမျိုးသားနဲ့ အမျိုးသမီးအသင်းဂျာစီမှာ Snapdragon အမှတ်တံဆိပ်ကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။