မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

ကိုယ့်ကိုယ်ကို အားကိုးတတ်မှ

သူနေတတ်သလိုနေတာကို
ကိုယ့်အလိုမကျရကောင်းလားဆိုပြီး
စိတ်ထဲမှာ ဒေါသမထွက်ပါနဲ့ ။

သူနှင့်ကိုယ်ဝါသနာချင်းမတူတာကို
ကိုယ့်ဘက်မပါရကောင်းလားလို့
စိတ်ထဲမှာ ပူလောင်ခံစားမနေပါနဲ့ ။

လူဆိုတာက
သူကြိုက်တာကို သူရွေးချယ်မယ် ။

ကိုယ်က သူလုပ်ရပ်မကြိုက်ရင်
ဘေးရှောင်ပြီး နေပေးလိုက်ပါ ။

ကိုယ်မလျှော့တော့ ကိုယ်မပေါ့သလို
ကိုယ်မပြင်တော့ ကိုယ်မကောင်းပေါ့ ။

အများစိတ်ဟာ ကိုယ်မပိုင်လို့
ကိုယ့်အတ္တလေး ချမ်းသာဖို့အတွက်
လောဘဒေါသတွေနဲ့ မချည်ချင်ပါနဲ့ ။

ကိလေသာဆိုတာ ကိုယ်ဖြစ်ရင်
ကိုယ့်မှာ ဆင်းရဲစွာနေရတာမို့လို့
သတိထားပြီး အလိုကို လျှော့ချနေပါ ။

ကိုယ့်ကိုအားကိုပြီးနေတတ်မှ
အများရှိသူဖြစ်စေ မရှိသည်ဖြစ်စေ
ချမ်းသာစွာ နေနိုင်ကြမှာပါ..

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏