(၃၀)ကြိမ်မြောက် တပ်မတော်(ကြည်း၊ရေ၊လေ)စစ်တီးဝိုင်းပြိုင်ပွဲဆက်လက်ကျင်းပ

ဖေဖော်ဝါရီ ၂၁ ရက်နေ့ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်၊ (၃၀)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ(က)အဆင့်နှင့် (ခ)အဆင့်ပြိုင်ပွဲများကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက် ကျင်းပသည်။

နံနက်ပိုင်းပွဲစဉ်အဖြစ် (ခ)အဆင့်ပြိုင်ပွဲတွင် အရှေ့မြောက်တိုင်းစစ်ဌာန ချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်းအသင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်တီးဝိုင်းအသင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၂)စစ်တီးဝိုင်းအသင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်ကိုယ်စားပြု အမှတ်(၂)စစ်တီးဝိုင်းအသင်းနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ညနေပိုင်းတွင် (ခ)အဆင့်ပြိုင်ပွဲများ ဆက်လက်ကျင်းပရာ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၂)စစ်တီးဝိုင်းအသင်း၊ ကမ်းရိုးတမ်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၂)စစ်တီးဝိုင်းအသင်းနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကိုယ်စား ပြု အမှတ်(၁)စစ်တီးဝိုင်းအသင်းတို့ယှဉ်ပြိုင်ခဲ့ကြသည့်ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်။