ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ရခိုင်တိုက်ပွဲသတင်း

(ပုဏ္ဏားကျွန်းမြို့နယ်)
ယနေ့နံနက်ပိုင်း ၁၀ နာရီခွဲခန့် ယနေ့ညနေ ၆ နာရီအချိန်ထိ နယ်မြေခံတပ်ရင်းဌာနချုပ် ၅၅၀ တပ် အနီး ကင်းတောင်တွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရှိရပြီး နှစ်ဖက်ရင်ဆိုင်ထိန်းချုပ်ထားကြောင်း သိရှိရသည်။

(မင်းပြားမြို့)

ယနေ့နံနက်ပိုင်းမှစ၍ ညနေပိုင်းအထိ တတက ၉ (ကမ်းနီ) လေ့ကျင့်ရေးကျောင်း အနီးရှိ လုံခြုံရေးကင်းစခန်းများအား AAအကြမ်းဖက်အဖွဲ့မှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူများဖြင့် ပြန်လည်တိုက်ခိုက်ချေမှုန်း ခဲ့သောကြောင့် သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

(မောင်တောမြို့နယ်)

ယနေ့နံနက်ပိုင်း ၇နာရီခွဲခန့်က ကြိမ်ချောင်းရှိ နခခ (၇) ဌနခ အား လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်ခဲ့သောကြောင့် ပစ်ခတ်သည့်နေရာများအား လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

(ရမ်းဗြဲမြို့နယ်)
ယနေ့နံနက် ၁၀ နာရီခန့်က ရမ်းဗြဲမြို့ ၊ လောင်ချောင်းလမ်းဆုံတွင် လုံခြုံရေး ဆောင်ရွက်နေသည့် စစ်ကြောင်းအား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ၁၀ မိနစ်ခန့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက်အပစ်ရပ်ငြိမ်းချမ်းရေးဆောင်ရွက်မှုအား ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်း မြို့/ရွာများအား PDF အကြမ်းဖက်အဖွဲများဖြင့် ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်း၊ အများပြည်သူနေထိုင်ရာ နေရာများ/ဈေးများအား Drop Boom များကြဲ၍ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသစ်အတင်းအဓမ္မဖမ်းဆီးခြင်း၊ ကျောင်းသားလူငယ်များအား ကျောင်းမတက်ခိုင်းဘဲ အတင်းအဓမ္မဖမ်းဆီးကာ ပြည်သူ့စစ်သင်တန်း မတက်မနေရတက်ခိုင်း၍ သင်တန်းပြီးပါက ရှေ့တန်းစစ်မြေပြင်သို စေလွှတ်ခြင်း စသည့် အကြမ်းဖက်မှုများအား နေ့စဉ်လုပ်ဆောင်လျက် ရှိနေသည်။

#Crd