လက်ခတ်တောင်မှ စတေးခံ PDF များ စိတ်ဓာတ်ပျက်နေ

KNU နယ်မြေအတွင်း တိုက်ပွဲများ၊ အကြမ်းဖက်မှုလုပ်ငန်များ၊ ဆက်ကြေးကောက်ခံမှုများအားလည်းကောင်း PDF များကသာ ဦးဆောင်လုပ်ကိုင်နေရပါတယ်..

PDF များအနေဖြင့် အကြမ်းဖက်မှုလုပ်ငန်းများ၊ ဆက်ကြေးကောက်ခံမှု လုပ်ငန်းများတွင် ပြဿနာ တစုံတရာမရှိသော်လည်း တိုက်ပွဲများဖော်ဆောင်ရာတွင် ကျေနပ်မှုများမရှိသလို စိတ်ပါဝင်စားမှု မရှိတော့ဘူးလို ကြားရပြန်တယ်..

ကရင်ပြည်နယ်အတွင်း စစ်စခန်းတိုက်ပွဲတွေမှာ PDF များကသာ ရှေ့တန်းမှ ဦးဆောင်တိုက်ခိုက်ရပြီး Thay ဆုံးရတဲ့အထဲမှာလည်း PDF တွေသာ များပြားပြီး KNU ဆိုတာ မပါသလောက်ပါပဲ..

အခုလည်း လက်ခတ်တောင်စခန်းမှာ PDF တွေနဲ့ပဲ အထိုင်ချထားပြီး KNU အနည်းအကျဉ်းသာ ပါတယ်လို့ သိရပြီး “လက်ခတ်တောင်မှာ KNU တွေက ၁၀ ယောက်တစ်ဖွဲ့နဲ့ ဆုတ်လမ်းတက်လမ်း ကောင်းတဲ့နေရာတွေ ယူထားတယ်၊ ကျွန်တော်တို့ PDF တွေကတော့ တကယ်နေရာကြီးတွေမှာ၊ တမင် Thay အောင် နေခိုင်း ထားသလိုပဲ၊ စစ်တပ်က ပြန်တိုက်နေတဲ့ အခုချိန်ထိ PDF တွေ Thay တာ မနည်းတော့ဘူး၊ သူတို့ဘက်က ကျတာမကျတာ စိတ်မဝင်စားပါဘူး၊ ဒီနေရာကြီး ယူထားပြီး အမှည့်ချွေခံနေရတာ စိတ်ဓာတ်တောင် ကျလာပြီ”ဟု အတွင်း PDF ၁ ဦးထံမှ သတင်းရရှိပါတယ်..

လက်ခတ်တောင်မှာ PDF တွေ စိတ်ဓာတ်ကျပြီး ဆုတ်လို့ရရင် ဆုတ်ချင်နေပြီလို့ နောက်ဆုံး သတင်းရပါတယ်…