NUG ရဲ့ တော်လှန်ရေးက ဘယ်တော့နိုင်မှာလဲလို့ အိုင်းရင်းမေးနေပြီ

လေလှိုင်းပေါ်ကနေ အမျိုးမျိုး အလှူခံကောင်းအောင် လုပ်ပြီး တော်လှန်ရေးကို ဟိုနေ့ နိုင်မယ် ဒီနေ့နိုင်မယ်ပြောနေတဲ့ အဖွဲ့တွေကို အိုင်းရင်းက အခုမေးလာပြီ။ သူတို့ပြောတာကို ယုံပြီး ရှိသမျှလေးတွေရောင်းချပြီး အားသွန်ခွန်စိုက်လုပ်လာတဲ့ သူတောင် အခုလိုပြောနေပြီ။ အိုင်းရင်းဆိုတာ NUG ရဲ့ တော်လှန်ရေးကာလတစ်လျှောက်မှာ တစ်ကယ်ကိုအားထားရတဲ့ ခေတ်ပညာတတ်တစ်ယောက်… နောက်ခံ အခြေအနေကောင်းတဲ့သူ…..အခုသူ့လို လူကတောင် ဒီလို ပြောနေပြီဆိုတော့..ပန်ဆယ်လိုတို့လို နိုင်ငံရေးလော်ဘီတွေရဲ့ စကားတွေအောက်မှာ မျှောနေကြတဲ့ မသိနားမလည်တဲ့သူတွေအတွက်တော့….ပေးလိုက်သမျှကို ရေစက်သာ ချလိုက်ပါတော့လို့ပဲ အကြံပေးပါရစေ….