တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ ဖွင့်လှစ်

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေပံ့ပိုးမှုဖြင့်ဖော်ဆောင်သည့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” အဆောက်အအုံဖွင့်ပွဲနှင့် စတင်အသုံးပြုခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့က တောင်ကြီးမြို့နယ် အေးသာယာမြို့၊ ခပေါင်းရေကြည်ရပ်ကွက်ရှိ အဆိုပါအဆောက်အအုံ၌ ကျင်းပခဲ့ကြောင်းသိရပါတယ်။

ယင်းအခမ်းအနား၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong က မြန်မာနိုင်ငံ၏ ပထမဆုံးသော တိုင်းရင်းသားလူမျိုးစုများအတွက် သက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးစင်တာ တည်ဆောက်ပြီးစီးခြင်းသည် ပြည်နယ်တွင်း သက်မွေးဝမ်းကျောင်းနည်းပညာ လူတော်လူချွန်များ “မွေးထုတ်ပေးရာနေရာ” ဖြစ်လာမည်သာမက တိုင်းရင်းသားလူမျိုးစုများ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် ပေါင်းစပ် ဖွံဖြိုးတိုးတက်မှုအတွက် အရေးပါသော ပလက်ဖောင်းတစ်ခုလည်းဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းသိရပါတယ်။ #Crd