ပုသိမ်တွင် စျေးဆိုင်ကို ဗုံးအတုဖြင့် ခြိမ်းခြောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြိုတွင် ဆောင်းယမုံ Kpay,Wavepay ငွေသွင်းငွေထုတ်ဆိုင်သို ဗုံးအတုဖြင့် လာရောက်ခြိမ်းခြောက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ပုသိမ်မြို၊ ကုန်သည်လမ်းရှိ ကျောက်တိုင်ကွင်း ဈေးဆိုင်တန်းတွင်ဖွင့်လှစ်ထားသော ဆောင်းယမုံ Kpay,Wavepay ငွေသွင်းငွေထုတ်ဆိုင်သို အမည်မသိအမျိုးသားတစ်ဦး ရောက်ရှိလာပြီး ဆေးလိပ်ဗူးအခွံအား တိတ်အနက်ဖြင့် ပတ်ထားပြီး ဗုံးဟုဆိုကာ ခြိမ်းခြောက်ခဲ့ကြောင်းသိရသည်။
အသက် ၂၅ နှစ်အရွယ် အဆိုပါအမျိုးသားသည် ခြိမ်းခြောက်ကာ ဆိုင်အတွင်း ဝင်ရောက်လုယက်ရန် ကြိုးပမ်းစဉ်ဆိုင်ရှင် ဦးနန္ဒလင်းထိန်မှ ဝင်ရောက်လုံးထွေး ဖမ်းဆီးရာမှာ ၎င်းစီးနင်းလာသည့် အနီရောင် PCX အမျိုးအစား ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရသည်။