ကလေးမြို့ရှိ မြောက်စည်းရဲစခန်း တိုက်ခိုက်ခံရ၍ တပ်ဖွဲဝင် ၉ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်မှစတင်၍ ကလေးမြို့ တောင်ပိုင်းရှိ မြောက်စည်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း တပ်မတော်မှ စစ်သား ၉ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော် ၃ ဦးကျဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။ဖြစ်စဉ်အမှန်မှာ *** နိုဝင်ဘာလ ၃ ရက်နေ့၌ ကလေးမြို့ ၊ မြောက်စည်းရဲစခန်းအား PDF များက အင်အားအလုံးအရင်း ဖြင့် လာရောက်တိုက်ခိုက်ခဲ့သဖြင့်တပ်ဖွဲ့ ဝင် ၁ ဦးကျဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ Khit Thit မှ ဖြစ်စဉ်ကိုပုံကြီးချဲ့ကာ တပ်ဖွဲ့ ဝင် ၉ ဦးသေဆုံးတယ်ဆိုပြီး အများပြည်သူများ အထင်မှားအောင် လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။