မြန်မာနှင့် ရုရှား ပူးပေါင်းကာ ရေကြောင်းလုံခြုံရေးဆိုင်ရာလုပ်ငန်းများ လေ့ကျင့်

မြန်မာ-ရုရှား ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်မှုအနေဖြင့် ဝေဟင်ရန်၊ ရေပြင်ရန်၊ ရေအောက်ရန် ကာကွယ်ရေး လေ့ကျင့်ခန်းများ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းများ ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့်လေ့ကျင့်ခန်းတွင် တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်၊ စစ်ရေယာဉ်များမှ ရုရှားရေတပ် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပူးပေါင်း၍ ဝေဟင်ရန်၊ ရေပြင်ရန်၊ ရေအောက်ရန် ကာကွယ်ရေး လေ့ကျင့်ခန်းများ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။