လားရှိးမှာ ၁ နှစ်ခွဲအရွယ် ကလေးငယ် ကားတိုက်ခံရပြီး သေဆုံး၊ တိုက်တဲ့ကားသမားမောင်းပြေးသွား

လားရှိးမြိုမှာ ၁ နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး ကားတိုက်ခံရကာ သေဆုံးသွားပြီး တိုက်တဲ့ ကားသမားက မောင်းပြေးသွားတယ်လို သိရပါတယ်။

နိုဝင်ဘာ ၉ ရက် ညနေ ၄ နာရီကျော်က လားရှိးမြို ရပ်ကွက် ၅၊ ၆၊ ၇ အဝင်လမ်းထိပ်မှာ တိုက်ခံခဲ့ရတာလို လားရှိးလူငယ်များ လူမှုကူညီရေးအသင်းရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

တိုက်သွားတဲ့ကားဟာ အနက်ရောက် FORD ကား အမျိုးအစား ဖြစ်တယ်ဆိုပြီး လူမှုကွန်ရက်ပေါ် လူထုတွေက ရေးသားနေကြပါတယ်။