PDFအကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၁၂ရက် ၁၀ နာရီ ၂၅ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့
အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဧည့်သည်နားနေဆောင်၌ PDF အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ ဦးဝင်းထက်ဦးနှင့် မခင်တွယ်တာဦးတို့ မိုင်းစထိမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။