RFA တောင် အမှန်တရားတွေကို ပြောလာနေပြီ

အကြမ်းဖက်လက်နက်ကိုင် AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ကျေးရွာများအတွင်း ဆက်ကြေးကောက်ပြီး ရွာတွင်လည်း ပိုက်ဆံပေးနိုင်တဲ့ဘက်ကို အလေးပေးပြီးအုပ်ချုပ်မှုရေးရာတွေဖြေရှင်းဆောင်ရွက်နေတယ်လို့ ကျေးရွာလူထုက တိုင်းကြားလာတာပဲ ဖြစ်ကြောင်း သိရှိရပါတယ်။ အကြမ်းဖက်အဖွဲ့ AA အနေဖြင့် ကျေးရွာအတွင်း လင်မယားချင်း စကားများရန်ဖြစ်တာက အစ ဆက်ကြေးကောက်ခံနေခြင်းဖြစ်ပြီး ပြည်သူလူထုအနေဖြင့် AA အဖွဲ့ကိုမလိုလားဘူးဆိုတဲ့အကြောင်းကိုပါ RFA သို့ ပေးပို့ထားတယ်လို့ ဆိုထားကြောင်း သိရှိရပါတယ်။ လူမျိုးအတွက်လို့ ပြောနေတဲ့ လက်နက်ကိုင်အဖွဲ့တွေက နောက်ဆုံးတော့လည်း ကိုယ်ကျိုးစီးပွားအတွက် လက်နက်ကိုင်နေတယ်ဆိုတာက ပိုမိုပေါ်လွင်လာနေတာပဲ ဖြစ်ပါတယ်။