တောင်ကြီးမီးပုံးပျံပွဲ ညလွှတ်မီးပုံး ၆၃ လုံးလွှတ်တင်မည်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြိုရဲ့ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပွဲမှာ ညလွှတ်မီးပုံးပျံ ညမီးကြီး(အကြီး) ၁၅ လုံး၊ ညမီးကြီး(အလတ်) ၂၃ လုံးနဲ့ စိန်နားပန် ၂၅ လုံး စုစုပေါင်း ၆၃ လုံးကို လွှတ်တင်သွားမှာပဲဖြစ်ပါတယ်…
ဒါ့အပြင် လက်ရှိအချိန်တွင် နေ့လွှတ်အရုပ်တွေဖြစ်တဲ့ ခြေနှစ်ချောင်းအရုပ်ကို လွှတ်တင်မယ့် မီးပုံးပျံအဖွဲ ၂၄ ဖွဲ၊ ခြေလေးချောင်းအရုပ်ကို လွှတ်တင်မယ့် မီးပုံပျံအဖွဲ ၁၅ ဖွဲနဲ့ အုပ်စုမီးလွှတ်တင်မယ့် မီးပုံးပျံအဖွဲ ၁၆ ဖွဲအထိ ရှိနေပြီး နောက်ထပ်အဖွဲတွေလည်း ထပ်တိုးလာနိုင်ချေရှိပါတယ်…
မီးပုံးပျံကွင်းကို လာရောက်လည်ပတ်ကြမယ့် မိဘပြည်သူတွေအနေနဲ့ လိုင်စင်ပါတဲ့ ကားတွေ ဆိုင်ကယ်တွေနဲ့မှသာ ဝင်ခွင့်ရရှိမှာပဲ ဖြစ်ပါတယ်… အခုနှစ် တန်ဆောင်တိုင်ပွဲတော်မှာ မဟာဘုံကထိန်ပွဲကိုလည်း ကျင်းပသွားမှာဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်…