နိုဝင်ဘာ ၁၀ ရက်နေ့မှုခင်းသတင်းများ

-နိုဝင်ဘာ ၉ ရက် ၀၈၃၀ နာရီတွင် မိုးမောက်မြို့၊ ကြေးနန်းရပ်ကွက်၊ ဗန်းမော်-မိုးမောက်သွား ကားလမ်းဘေးရှိ လက်ဖက်ရည်ဆိုင်၌ ဦးမျိုးနိုင်(၅၁)နှစ်၊ မံပုံကျေးရွာ၊ မိုးမောက်မြို့နေသူသည် လက်ဖက်ရည် သောက်နေစဉ် (စိစစ်ဆဲ)အကြမ်းဖက်အဖွဲ့ဝင် ၁ ဦးမှ ခြေကျင်ရောက်ရှိလာပြီး ပစ္စတိုဖြင့် ၁ ချက် ပစ်ခတ်၍ ကြံခင်းကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ရာ ဦးမျိုးနိုင်တွင် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး ဆိုင်အတွင်း၌ မုန့်ကြော်နေသည့် ဦးထွန်းမြင့်(၄၇)နှစ်၊ ကြေးနန်းရပ်ကွက်နေသူတွင် ယာခြေဖမိုး ကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၉ ရက် ၁၀၃၀ နာရီတွင် သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာအုပ်စု၊ ပဲဒက်ကျေးရွာနေထိုင်သူ ဦးစိုးဝေ(၅၈)နှစ်၊ ဥယျာဉ်လုပ်ကိုင်သူသည် ကျောက်ဆည်ကျေးရွာမှ ငါးခြောက်ဝယ်ယူ၍ ပဲဒက်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာစဉ် ပဲဒက်ကျေးရွာ၏ အရှေ့တောင်ဘက် ၁ မိုင်ခွဲခန့်အကွာ တံခွန်တိုင်ကျေးရွာအရောက်တွင် (စိစစ်ဆဲ) အကြမ်းဖက်သမား ၄ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် နောက်မှလိုက်ပါ၍ လက်နက်ငယ်(စိစစ်ဆဲ)ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် ဦးစိုးဝေ မှာ ကျဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။