ရုရှားက ကိယက်ဗ်မြို့ကို တိုက်ချင်းပစ်ဒုံးကျည်များနှင့် တိုက်ခိုက်

ရုရှားတပ်ဖွဲ့များသည် ကိယက်ဗ်မြို့အတွင်းသို့ တိုက်ချင်းပစ်ဒုံးကျည်နှင့် ခရုဇ်ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း မေလ ၂၉ ရက်နေ့အတွင်း ဒုတိယအကြိမ်အဖြစ် ယူကရိန်းနယ်မြေအတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုကြောင့် ကိယက်ဗ်မြို့အတွင်း ပြင်းထန်သည့်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီဇာလူချီညီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ယင်းတိုက်ခိုက်မှုသည် မေလ ၂၉ ရက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Iskander အမျိုးအစား တာတိုပစ် ပဲ့ထိန်းဒုံးကျည်စနစ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယူကရိန်းစစ်ဘက်၏ ထုတ်ပြန်ချက်အရ ရုရှားတပ်ဖွဲ့များသည် ကိယက်ဗ်မြို့၏ မြောက်ဘက်မှ Iskander-M၊ Iskander-K အမျိုးအစား ပဲ့ထိန်းဒုံးကျည်၊ ခရုဇ်ဒုံးကျည် ၁၁ စင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးစနစ်က ဒုံးကျည်အားလုံးကိုပစ်ချနိုင်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုသည် မေလအတွင်း ယူကရိန်းမြို့တော်သို့ ၁၆ ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။