ဆိုဗီယက် MiGs တိုက်လေယာဉ်လေးစီးကို မိနစ် ၃၀အတွင်း ပစ်ချခဲ့တဲ့ အမေရိကန်ဖိုက်တာပိုင်းလော့ကို ဂုဏ်ပြု

“Top Gun”ဇာတ်ကား မင်းသား တွမ်ခရု့ဇ် မမွေးခင် ၁၀နှစ်လောက်က ကိုရီးယားစစ်ပွဲမှာ ဆိုဗီယက် MiGs အမျိုးအစား တိုက်လေယာဉ်လေးစီးကို မိနစ် ၃၀အတွင်း ပစ်ချခဲ့ပြီး နှစ်ပေါင်း ၅၀ကျော်ကြာ လျှို့ဝှက်ထားခဲ့တဲ့ အမေရိကန်တိုက်လေယာဉ် လေယာဉ်မှူး ရွိုင်စီ ဝီလီယံ ဂုဏ်ပြုဆု ချီးမြှင့်ခံခဲ့ရပါတယ်။

ဇန်ဝါရီ ၂၁ရက်က ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြုလုပ်တဲ့အခမ်းအနားမှာ ရေတပ်လေယာဉ်မှူးဟောင်း ရွိုင်စီ ၉၇နှစ်ကို စစ်တပ်ရဲ့ ဒုတိယအမြင့်မားဆုံး ဂုဏ်ပြုဆုဖြစ်တဲ့ ရေတပ်ကြက်ခြေခတ် ဂုဏ်ပြုဆုပေးအပ်ခဲ့ပါတယ်။