နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့ ဆက်လက်ဆွေး‌နွေး

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ (ALP၊ DKBA ၊ KNU/KNLA-PC၊ LDU၊ PNLO) ၏ ကိုယ်စားလှယ်အဖွဲ့တို့သည် တတိယနေ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုနှစ်ဖက်အပြန်အလှန် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဆွေးနွေးပွဲတွင်  သုံးရက်တာဆွေးနွေးညှိနှိုင်းချက်များအရ အပြီးသတ်ရရှိသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုယ်စား ALP မှ ဥက္ကဋ္ဌနှင့် ငြိမ်း‌ချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်တို့က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီးနောက် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။