ဒဏ်ရာရစစ်သည်များကို သွားရောက်လှူဒန်းခဲ့တဲ့ အမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၄) ကျောင်းဆင်းအရာရှိများ

ဒီဇင်ဘာ ၁၅ ရက်နေ့မှာတော့ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၄) ကျောင်းဆင်းအမျိုးသမီးအရာရှိများမှ ကျောင်းဆင်း(၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမှတ်(၂) တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀) တွင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရရှိကာ ဆေးဝါးတက်ရောက်ကုသနေသော ဒဏ်ရာရစစ်သည်များအား ကိုယ်တိုင်ကိုယ်ကြ ကြက်ဆီထမင်းများ လိုက်လံကျွေးမွေးလှူဒန်းခဲ့ကြပါတယ်။

ကျောင်းဆင်းအမျိုးသမီးအရာရှိများအနေဖြင့် စေတနာတရားထက်သန်လို့လှူဒန်းကြသလို တစ်ဖက်ကလည်း မိမိတို့ရဲ့ရဲဘော်ရဲဘော်များကို စစ်သားစိတ်ဓာတ်ပြည့်ဝစွာ စားသောက်ဖွယ်ရာများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီလိုအမှန်တကယ်လိုအပ်တဲ့နေရာတွေဆောင်ရွက်ပေးနေခြင်းက တချို့အားငယ်စိတ်ဖြစ်နေတဲ့ အရာရှိ/စစ်သည်တွေအတွက် ငါတို့ရဲ့နောက်မှာ ဒီလိုကူညီဆောင်ရွက်ပေးနေသူတွေရှိနေပါ့လားဆိုတဲ့ တစ်တပ်တစ်အားဖြစ်သွားမှာ အမှန်ပဲဖြစ်ပါတယ်။ သွားရောက်လှူဒန်းပေးခဲ့ကြတဲ့ အမျိုးသမီးအရာရှိများကိုလည်း စစ်သည်များကိုယ်စား ကျေးဇူးအထူးတင်ပါတယ်….အလှူရှင်များလည်း ကျန်းမာချမ်းသာကြပါစေ…