NUG အနေဖြင့် နေ့စဉ် PDF သေဆုံးစာရင်းကို ဖုံးဖိထားတယ်လို့ အိုင်းရင်းပြောဆို

တိုက်ပွဲများအတွင်း PDF များအများအပြားကျဆုံးတာကို NUG နဲ့ အပေါ်ပိုင်းရှိ အဖွဲ့တွေကဖုံးဖိထားတာဖြစ်ကြောင်း၊ မြို့နယ်များအလိုက် တိုက်ပွဲများတွင် ကျဆုံးခဲ့သည့် PDF များ၏အုတ်ဂူတွေနဲ့ လက်ဝါးကပ်တိုင်တွေလည်း အများကြီးဖြစ်နေပြီလို့ အိုင်းရင်းက သူမ၏ Live မှာ ပြောကြားသွားခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်တွင် အမေရိကန်က ထုတ်ပြန်တဲ့ အကြမ်းဖက်မှုဆိုင်ရာ ထုတ်ပြန်ချက်တွင် NUG နဲ့ PDF ကို အကြမ်းဖက်အဖွဲ့အဖြစ်ထုတ်ပြန်ထားခဲ့တာဖြစ်ပြီး PDF များကို အကြမ်းဖက်များဖြစ်အောင် NUG အပေါ်ပိုင်းက ခိုင်းစေနေခြင်းများဖြစ်ပြီး ဒီလိုဖြစ်တယ်ဆိုတာလည်း NUG အပေါ်ပိုင်းကလူတွေ ညံ့ဖျင်းပြီး အသုံးမကျတာကြောင့်လို့လည်း ဆိုထားပါတယ်။