လွှိုင်ကော်တွင် အကြမ်းဖက် KNDF တပ်ရင်း ၁၁ မှ ရဲဘော်နှစ်ဦးအား ဖမ်းမိ

ဒီဇင်ဘာ ၂၁ ရက်နေ့တွင် လွှိုင်ကော်မြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းများဆောင်ရွက်စဉ် ဇင်မျိုးဝင်း၊ (ဘ)ဦးအီလီရက်၊ အမှတ်(၂၃၅)၊ ယင်းမာပင်လမ်း၊ လောဓမ္မရပ်ကွက်၊ လွိင်ကော်မြို့နေသူမောင်းနှင်ပြီး နောက်မှ လှိင်ဝင်းကျော်(ခ)အိုက်ငို၊ (ဘ)ဦးစိုးနိုင်၊ ရေနီကန် ကျေးရွာ၊ လွိင်ကော်မြို့နယ်နေသူ လိုက်ပါလာသည့် KENBO-125 အဖြူရောင် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ၎င်းတို ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းများအတွင်းမှ မှတ်တမ်းဓာတ်ပုံများ တွေ့ရှိရ၍စစ်ဆေးခဲ့ရာ အကြမ်းဖက် KNDF တပ်ရင်း ၁၁ မှအဖွဲ့ဝင်များဖြစ်ကြောင်းသိရှိ၍ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရှိရပါတယ်။