သမ္မတ ထရမ့်က ၂၀၂၄ မှာထပ်အရွေးခံဖို့စဥ်းစားနေကြောင်း ရိပ်ဖမ်းသံဖမ်းပြော

လွှတ်တော်နှင့် ပြည်နယ်ဘုရင်ခံ နေရာများအတွက် ကျင်းပမယ့် နိုဝင်ဘာ (၆) ရက်နေ့ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကင်ပါတီ အောင်နိုင်ရေးအတွက် နိုင်ငံတစ်ဝှမ်း စည်းရုံးဟောပြောလျက်ရှိတဲ့ သမ္မတ ထရမ့်ဟာ အိုင်အိုဝါပြည်နယ် လူထုအစည်းဝေးပွဲမှာ ၂၀၂၄ ကျရင် သမ္မတနေရာအတွက် သူပြန်ပြိုင်ဖို့ အလားအလာများစွာရှိနေပြီလို့ မိန့်ခွန်းထဲမှာထည့်ပြောခဲ့ပါတယ်၊ အမေရိကန်နိုင်ငံအတွက် သတင်းကောင်းပါပဲ။

(တကယ်တော့ ၂၀၂၄ မှာ ထရမ့်ဟာ ထပ်ရွေးခံစရာတောင်မလိုနေသင့်ပါဘူး၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီမိုကရက် ဘိုင်ဒင် ဖက်ကသာ မဲမခိုးဘဲ အမှန်အတိုင်းရလဒ်ထွက်ပေါ်ခွင့်ရခဲ့ရင် ထရမ့်ဟာ ဒီနေ့လည်း သမ္မတဖြစ်နေရမှာပါ၊ သို့သော် Fake news ခေါ် တစ်ဖက်စောင်း အမေရိကန် မီဒီယာတွေက မဲလိမ်မဲခိုးတာကိုဖုံးဖိပေးခဲ့ကြပါတယ်၊
၂၀၂၁ မေလကလည်း အမေရိကန် အမျိုးသား လုံခြုံရေးအတိုင်ပင်ခံ ဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး မိုက်ကယ်ဖလင်းက အမေရိကန်မှာမဲခိုးလို့ မြန်မာမှာလို တပ်ကအာဏာဝင်ထိန်းသင့်တယ်လို့ပြောကြားဖူးပါတယ်..