အစာမကြေခြင်းအတွက်ဆေးစွမ်းကောင်းနနွင်း

နနွင်းဟာ အစာမကြေခြင်းအတွက် ဆေးစွမ်းကောင်းတစ်လက် ဖြစ်တယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။

နနွင်းမှာပါဝင်တဲ့ ကာကူမင်လိုခေါ်တဲ့ သဘာဝဒြပ်ပေါင်းက  ရောင်ရမ်းခြင်းကို ကျစေပြီး ပိုးမွှားသေစေနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။

အရှေ့တောင်အာရှမှ စတင်ပေါ်ထွက်လာတဲ့ နနွင်းရဲ့  အစာကြေစေတဲ့ အာနိသင်ကို အစာအိမ်အက်ဆစ်များခြင်းအတွက် အသုံးပြုတဲ့ အိုမီပရာဇိုးလ်ဆေးနဲ့ နှိင်းယှဥ်ကြည့်ခဲ့ပါတယ်။