ပေးတတ်ပါစေ

ပေးတာချင်းတူတယ်စိတ်စေတနာ
ထားတာချင်း မတူဘူး

ကိုယ်ပေးလိုက်လို့
သူတပါး အဆင်ပြေသွားပါစေဆိုတဲ့
စိတ်ထားမျိုးနဲ့ပေးတယ်။

ကိုယ်ပေးလိုက်တာ
ဘယ်လောက်များတယ်
သူတို့ထက်သာတယ်
ကောင်းကျိုးတွေအများကြီး
ပြန်ရမှာပဲလို့ မျှော်လင့်ပြီးပေးတယ်။

ပေးတာချင်းတော့တူတယ်။
ကိုယ်ပေးလိုက်ရလို့
သူတပါး အဆင်ပြေသွားပါစေဆိုတဲ့
စိတ်ထားမျိုးနဲ့ပေးတော့
သူတပါးလည်း အဆင်ပြေသွားတယ်။
ကိုယ်လည်း အေးမြသွားတော့
ပူလောင်မှုတွေ မပါတော့ဘူး။

ကိုယ်ပေးလိုက်တာ
ဘယ်လောက်များတယ်
သူတို့ထက်သာတယ်
ကောင်းကျိုးတွေ အများကြီး
ပြန်ရလိမ့်မယ်လို
မျှော်လင့်ချက်နဲ့ပေးတော့
ကိုယ်ပဲ ပူလောင်ရတာပေါ့။

ဒါ့ကြောင့်-
ပေးတာချင်းတူပြီး
စိတ်ချမ်းသာအေးမြသွားတဲ့သူက
မပေးခင်ကတည်းက
ဘာကိုမှ မမျှော်လင့်ဘူး။
သူတပါး အဆင်ပြေသွားစေဖို့သက်သက်ပဲ။

မျှော်လင့်ချက်နဲ့
ပြန်ရလိုမှုတွေနဲ့ပေးတဲ့သူကတော့
ပူလောင်နေရမှာပါပဲ။

မေတ္တာဖြင့်
🙏 #အရင်ဇဝန(လယ်ဝေး)🙏