မြသိန်းတန်စေတီတော်(မင်းကွန်း)သမိုင်း

မြသိန်းတန်စေတီတော်မှာဧရာဝတီမြစ်၏အနောက်ဖက်ကမ်းမင်းကွန်းရွာမင်းကွန်းပုထိုးတော်ကြီး၏မြောက်ဖက်အနီးတွင်ကျိန်တော်မူလေသည်။
ဘိုးတော်ဘုရားသည်သက္ကရာဇ်၁၁၅၂ခုနှစ်တွင်မင်းကွန်ပုထိုးတော်ကြီးကိုတည်တော်မူရာမြေးတော်စစ်ကိုင်းမင်းကလေနှင့်မြေးတော်ဆင်ဖြူရှင်မယ်တို့သည်ပုထိုးတော်ကြီးအနီးစေတီတစ်ဆူတည်ထားလိုကြောင်းခွင့်တောင်းရရှိသည့်အတိုင်းဘုရားအလောင်းတော်ဆဒ္ဒန်မင်းဖြစ်စဉ်ပျော်စံခဲ့ဘူးသောဆင်ဖြူတောင်၌မြေညှိ့ကာ၁၁၆၄ခုနှစ်တန်ခူးလဆန်း၅ရက်နေ့တွင်စစ်ကိုင်းမြို့ဝန်ကြပ်မက်လျှက်စတင်တည်လုပ်စေလေသည်။
(စစ်ကိုင်းမင်းကလေးမှာဘိုးတော်ဘုရား၏သားတော်အိမ်ရှေ့မင်း၏သားတော်ဖြစ်၍ဆင်ဖြူရှင်မယ်မှာဘိုးတော်ဘုရား၏သားတော်ပြည်မင်းသား၏သမီးတော်ဖြစ်လေသည်။
စေတီဖနပ်တော်မှာအချင်း၆၄တောင်၂မိုက်၄သစ်ခင်း၍ပန္နက်ချကာပထမအာလိန်မှစ၍တည်လုပ်ပြီးအာလိန်ထိပ်၌အလျားအနံ၁၂တောင်မျှသောဌာပနာတိုက်၁၆တိုက်ကိုပြုလုပ်၍သီဟိုဠ်ကျွန်မှပင့်ဆောင်လာသောဓာတ်တော်၅ဆူကို၁၁၆၄ခုနှစ်ဝါဆိုလဆန်း၂ရက်နေ့တွင်ဌာပနာလေသည်ဆင်ဖြူရျင်မယ်ဝတ်နေကျတစ်သိန်းတန်မြရတနာကိုလည်းလှူတန်းဌာပနာခဲ့လေသည်။ဆင်ဖြူရှင်မယ်တည်သဖြင့်ဆင်ဖြူမယ်ဘုရားဟူ၍၎င်းတစ်သိန်းတန်မြရတနာကိုဌာပနာ၍မြသိန်းတန်ဘုရားဟူ၍၎င်းထင်ရှားလေသည်။
စေတီတော်၌အာလိန်ငါးဆင့်တောင်စဉ်ခုနှစ်ထပ်လိုဏ်မုခ်များနှင့်တည်၍မြတ်စွာဘုရားတာဝတိသာမှကြွတော်မူသည်ကိုရည်စူ၍စောင်းတန်းသုံးသွယ်ဖြင့်မွန်းမံတည်ထားလေသည်။စေတီတော်ပြီးမြောက်သောအခါဘိုးတော်ဘုရားကိုယ်တိုင်မင်းခမ်းမင်းနားဖြင့်ထွက်တောမူ၍သဘင်ကြီးစွာခံပြီးနောက်၁၁၆၉ခုနှစ်တခူးလပြည်ကျော်၄ရက်နေ့တွင်ရေစက်သွန်းချ၍ထီးတော်တင်လှူတော်မူခဲ့သည်။
ထိုစေတီတော်ကြီးသည်ကာလရှည့်ကြာ၍ငလျှင်ဒဏ်ကြောင့်ပြိုပျက်ရာတွင်မင်းတုန်းမင်းကြီး၏မိဖုရားခေါင်ဆင်ဖြူမရှင်ကပြုပြင်ခဲ့ပြန်လေသည်။