တနှစ်ပတ်လုံး ဝင်ငွေကောင်းတဲ့ဂွေးတောက်ပင် စိုက်ပျိုးနည်း

ဂွေးတောက်ပင်တွေကတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာ စိုက်ပျိုးလို့ရနိုင်ပါတယ်။
သဲဆန်တဲ့ မြေဆိုရင်တော့ ပိုမိုဖြစ်ထွန်းပါတယ်။

၁။အစေ့မှပျိူးယူခြင်း
၂။ကိုင်းဖြတ်ပျိူးယူခြင်း
ဟူ၍နည်းနှစ်နည်းဖြင့်ပျိူးယူစိုက်ပျိူးနိုင်ပါသည် ။

၁။အစေ့မှပျိူးယူခြင်း
(က)ပျိူးစေ့များကို ရေတစ်နာရီခန့် စိမ်ထားပါ ။

(ခ)သဲသို့မဟုတ်စက်ဖွဲပြာကိုအရိပ်ကျသည့်နေရာတွင်ဘောင်လုပ်ရေဝအောင်လောင်းထားပြီးရေစိမ်ထားသည့်ဂွေးတောက်မျိူးစေ့ကိုပါးပါးဖြူးပေးပါ။ ယင်းပျိူးဘောင် လေလုံအောင် ပလပ်စတစ်အကြည်စဖြင့် ဖုံးအုပ်ထားပေးပါ။ ၃ရက်ခန့်အကြာတွင် အညှောင့်လေးများပေါက်လာပါမည်။

(ဂ) အညှောင့်ပေါက်လာသည့်ဂွေးတောက်မျိူးစေ့များကိုအသင့်ပြုလုပ်ထားသည့် ၆၈ပျိူးအိပ်ထဲသို့ပြောင်းရွှေ့ပေးပါအစေ့ကိုအိပ်အပေါ်ယံတွင်အသာချပြီးစက်ဖွဲပြာမရှိပါကမြေသို့သဲဖြင့်ဖုံးယုံသာဖုံးထားပေးပါ။

(ဃ)ဂွေးတောက်မျိူးအညှောင့်ပေါက်ခါစကိုပျိူအိပ်ထဲမထည့်မှီရေကြိုတင်လောင်းထားပေးရပါမည်။ပြီးမှအပေါ်ယံမြေဖွဲပြာစိုယုံလေးရေဖြန်းကရိယာဆေးဖြန်းပုံးတို့ဖြင့်ဖြန်းပေးပြီးအရိပ်အောက်တွင်ထားပေးပါ။

(င)နေ့စဉ်မြေအစိုအခြောက်ကိုကြည့်ပြီးဆေးဖြန်းပုံးဖြင့်ရေမှုန်လေးဖြန်းအေးပါ။အရိပ်ထဲ၃ရက်ခန့်ထားပါကအပင်လေးများပေါက်လာပါမည်။

(စ)အရွက်နှစ်ရွက်ခန့်ထွက်လာပါကနေရောင်အောက်သို့ပြောင်းရွှေ့ပေးပါ။

(စ)အပင်အရွက်၄ /၅ရွက်ခန့်ထွက်လာပါကအသင့် ပြုလုပ်ထားသောစိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပျိူးနိုင်ပါပြီ

၂။ကိုင်းဖြတ်ပျိူးယူစိုက်ပျိူးခြင်း
ဂွေးတောက်ကိုင်းအဆစ်တဆစ်လျင်တပင်ပျိူးယူနိုင်ပါသည်။
(က)အဆစ်မှအောက်သို့၅လက်မခန့်အဆစ်တိုင်းဖြတ်ယူစုဆောင်းပါ။

(ခ)၎င်းအဆစ်တခုစီပါသောဂွေးတောက်ကိုင်းများကို အသင့်ပြုလုပ်ထားသော ၆ ၈ပျိူးအိပ်များကိုရေဝအောင်လောင်းပြီး ပျိူးအိပ်အလယ်တွင်ထမင်းစားသည့်တူချောင်းဖြင့် မြေကြီးကိုထိုးချကာ အပေါက်ဖြစ်အောင်လုပ်ပြီး ဂွေးတောက်ကိုင်းကိုအဆစ်ပါသည့်ဘက်ကို ၁လက်မခန့်ဖော်ထားပြီးအရင်းဘက်ကိုတူချောင်းဖြင့်အပေါက်ဖော်ထားသည့်နေရာတွင်ထိုးထည့်
ကာမြေကကြပ်နေအောင်ဖိထားပေးပါ။

(ဂ)ဂွေးတောက်ပျိူးကိုင်းထည့်ပြီးသည့်ပျိူးအိပ်ကိုအရိပ်အောက်တွင်ထားပေးပါ။

(ဃ)နေ့စဉ်မြေအခြောက်အစိုကိုကြည့်၍ဆေးဖြန်းပုံးဖြင့်ရေလိုသလောက်ဖြန်းပေးပါ။ အပင်အရွက်သန်မာပြီး ရောဂါကင်းစေရန် တောင်သူ့လက်ရုံး အပင်အရွက်အားဆေးကို ထည့်ဖျန်းပေးနိုင်သည်။

(င)၁၀ရက်ခန့်အကြာတွင်ရွက်သစ်များထွက်လာပါမည်။အမြစ်များကတလခန့်မှထွက်လာမည်ဖြစ်၍၄၅ရက်ကျော်မှမြေချစိုက်သင့်ပါသည်။

မြေချစိုက်ပျိုးခြင်း

မြေချစိုက်ပျိူးရာတွင်ပင်ခြား၂ပေ တန်းခြား၄ပေ ခန့်စိုက်ပျိူးသင့်ပါသည်။အပင်ကိုတအားမကြီးစေဘဲ၄ပေအောက်ထားရှိကာခြုံဝီုင်းသဖွယ်ဖြစ်အောင်စိုက်ပျိူးယူပါကခူးယူရလွယ်ကူပြုစုရလွယ်ကူမည်ဖြစ်ပါသည်။

စိုက်ပျိုးပြီး တစ်လသားအရွယ်မှာတော့ နွးချေး ကြက်ချေး စတဲ့ မြေသြဇာတွေကို ကြွေးပေးရမှာပါ။ သုံးလသားအရွယ်မှာတော့ အညွှန့်များကို စတင် ခူးဆွတ်နိုင်တာလည်း ဖြစ်ပါတယ်။

အညွန့်များကိုတော့ ၃ ရက်တစ်ကြိမ် ခူးဆွတ်နိုင်တာလည်း ဖြစ်ပါတယ်။

အပင်သန်ပြီး ရောဂါကင်းစေရန် တောင်သူ့လက်ရုံး အပင်အရွက်အားဆေး စပါးခွံ ဗီနီဂါတို့ကို ဖျန်းပေးနိုင်ပါသည်။