တာမွေမြိုနယ်တွင် ဗုံးပေါက်ကွဲ၍ ပြည်သူ အနည်းဆုံး (၂) ဦး ဗုံးထိမှန် ဒဏ်ရာရ

ဒီဇင်ဘာ (၂၃) ရက် ည (၈) နာရီခွဲ ဝန်းကျင်က တာမွေမြိုနယ်၊ နိဂြောဓလမ်းပွဲဈေးတွင် အကြမ်းဖက်သမားများ
ထောင်ထားသည့်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
” (၂) ယောက်ထိသွားတယ်ပြောတယ်။ တစ်ယောက်က လက်ပြတ်သွားတယ်ပြောကြတယ်။ တချိုကလည်း
သားအမိ (၃) ယောက်လို ပြောတယ်။ လူနာတင်ယာဉ် (၂) စီးတော့ ရောက်လာတာတွေ့တယ်” ဟု
အခင်းဖြစ်နေရာအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။